သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းအစီအစဉ်ကို (၅.၁၁.၂၀၁၁)ရက်နေ့မှ (၇.၁၁.၂၀၁၂) ရက်နေ့အထိပူတာအိုမြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ပေးခဲ့ပါသည်။သီတဂူအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့၏ ရှေ့ပြေးအဖွဲ့များကို ပူတာအိုသို့ ကြိုတင်စေလွှတ်ထားပြီး ဆရာတော်နှင့် အခြားအဖွဲ့ဝင်တို့သည် (၅.၁၁.၂၀၁၂) ရက်နေ့တွင် ပူတာအိုသို့လေယာဉ်ဖြင့် သွားရောက်ခဲ့ပါသည်။ လေယာဉ်ခရီးစဉ်အစအဆုံးအား အဲပုဂံလေကြောင်းလိုင်းမှ ကုသိုလ်ပြုခဲ့ပါသည်။ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့မှ သီတဂူဆရာတော်ကြီးနှင့် ပြည်တွင်းပြည်ပမှဆရာဝန်၊ ဆရာမကြီး(၉)ဦး သူနာပြုနှင့် အကူလုပ်အားပေး(၁၄)ဦး၊ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး နှင့် တကွ ဆရာဝန်၊ ဆရာမ(၃၉)ဦး၊ ထူးဖောင်ဒေးရှင်းအဖွဲ့နှင့် MRTV -4 အဖွဲ့တို့ပူးပေါင်းပါဝင် လုပ်အားပေးခဲ့ပါသည်။ ပူတာအိုမြို့ပေါ်အနီး အနားကျေးရွာ များနှင့်ဝေးလံသောကျေး ရွာများမှ မျက်စိဝေဒနာရှင်ပေါင်း (၈၀၀)ကျော်ကို စမ်းသပ်ကုသဆေးပေးမှုများပြုလုပ်ပေးခဲ့ပြီး ခွဲစိတ် ကုသခဲ့သော ဝေဒနာရှင်ပေါင်း (၉၂) ဦးကို စက္ခုအလင်းပေးအပ်နိုင်ခဲ့ပါသည်။ သီတဂူဆရာတော် ကြီးနှင့် အဖွဲ့သားများနေထိုင် စားသောက်မှုနှင့် သွားလာရေးအဆင်ပြေချောမွေ့မှု ရှိစေရန်မူလာရှီးဒီကျေးရွာရှိ မလိခဟိုတယ်တွင် ထူးဖောင်ဒေးရှင်းမှ စီစဉ်ပေးခဲ့ပါသည်။ ဆရာတော်ကြီးနှင့် တကွအဖွဲ့သားများ အားလုံး (၈.၁၁.၂၀၁၁)ရက်နေ့တွင် ရန်ကုန်မြို့သို့ပြန် လည်ရောက်ရှိခဲ့ပါသည်။ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသပေးမှု အစီအစဉ် တွင် ပြည်တွင်း ပြည်ပမှ ဆရာဝန်၊ဆရာမကြီး များပါဝင်ကုသိုလ်ပြုခဲ့ကြပါသည်။ ထူးဖောင်ဒေးရှင်းမှဆေး ၀ါးတချို့ အတွက်ကုန်ကျစရိတ်၊ အနီးအနားကျေးရွာများနှင့်ဝေးလံသောကျေးရွာများရှိ မျက်စိဝေဒ နာရှင်များနှင့် လူနာစောင့်များအတွက် နံနက်စာ၊နေ့လည်စာ၊ညစာများနှင့် ကြိုပို့ယာဉ်များ စီစဉ်ပေးခဲ့ပါသည်။ ထူးဖောင်ဒေးရှင်မှ ၄င်းအစီအစဉ်ဖြစ်မြောက်ရန်အတွက် ကုသိုလ်ပြု သုံးစွဲငွေကျပ်သိန်း (၄၀၀)ကျော်ရှိခဲ့ပါသည်။ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် သီတဂူ ဆရာတော်ကြီး မှ Oxygen Concentrator (၁)လုံး ၊ monitoring system (၁)လုံး၊ operating table (၂)လုံး ၊light source (၁)လုံး၊ ထူးဖောင်ဒေးရှင်း ဘက်မှဆေးရုံအတွက် လိုအပ်သောရေတွင်း(၁)တွင်း၊ ဒီဘီဘောက်စ်ပါဝင်သော မီးစက်ရုံ(၁)ခု၊လေအေးပေးစက်(၁) လုံး၊ဆေးရုံသုံး အိပ်ယာခင်း၊ခေါင်း အုံးနှင့်စောင်များ၊ဆေးကုသစဉ် ကာလအတွင်းလိုအပ်သောဆေးရုံမီးဆေးအတွက် လိုအပ်သောဆီ တို့ကို လှူဒါန်းခဲ့ပါသည်။
သီတဂူနှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသမှု အစီအစဉ်
ဆက်သွယ်ရန် +၉၅ ၁ ၆၅၅၂၇၂ info@htoofoundation.org
-
တတိယအကြိမ် စက္ခုအလင်းပေးအပ်ပွဲ
webmaster, , ကျန်းမာရေး, 0
သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက်ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ ပူတာအိုခရိုင်ဆေး ရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှလိုအပ်သည်များကိုပံ့ပိုးပေးခဲ့ပြီး...
-
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းသို့ ထူးဖောင်းဒေးရှင်း သွားရောက် လှူဒါန်းမည်
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်း၏ မတည်အလှူငွေအပြင် ထူးစီးပွားရေးယူနစ် များမှလည်း အလှူငွေ ကျပ်သိန်း (၅၀)ကျော်ပါ ၀င်လှူဒါန်းခဲ့သော ယခုလှူဒါန်းမှုကို ဆောင်ရွက်ရန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ယနေ့ညနေတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းသို့ သွားရောက် ကြမည်ဖြစ်ပါသည်။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းရှိ...
-
“ဒေါင်းရောဂါ လက္ခဏာ စု”ဆိုင်ရာ ပညာပေး သင်တန်းပိုချခြင်း
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ မွန်ပြည်နယ်မော်လမြိုင်မြို့တွင် Down Syndrome Technical Support Training သင်တန်းကို (၂၇.၈.၂၀၁၁) ရက်နေ့မှ (၂၉.၈.၂၀၁၁) ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းသုံးရက်တာသင်တန်းကို မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းမှ ၀န်ထမ်းများနှင့် အတူထူးဖောင်ဒေးရှင်းမှ...
-
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းသို့ ထူးဖောင်းဒေးရှင်း သွားရောက် လှူဒါန်းမည်
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်းနာယကဦးတေဇအား အမှူးထား၍ ဖောင်ဒေးရှင်း မတည်ငွေ ကျပ်(၂၅)သိန်း၊ ထူးကုမ္ပဏီများ အုပ်စု၏ လုပ်ငန်းစုများနှင့် ကုမ္ပဏီဝန်ထမ်းများမှ စုပေါင်းလှူဒါန်းမှုတို့ဖြင့် ကရင်ပြည်နယ်၊ မြိုင်ကြီး ငူစစ်ဘေး ရှောင်စခန်းရှိ တိုင်းရင်းသား ပြည်သူများအား တရက်စာ အဟာရဒါနနှင့် ဆန်အိတ်...
-
ပူတာအိုခရိုင်အတွင်းစက္ခုအလင်းပေးအပ်ပွဲ (တတိယအကြိမ်)
HTOO Foundation Media, , ကျန်းမာရေး, 0
သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက်ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ ပူတာအိုခရိုင်ဆေး ရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှလိုအပ်သည်များကိုပံ့ပိုးပေးခဲ့ပြီး...
-
ထူးဖောင်ဒေးရှင်း၏ ဘိုကလေးမြို့သို့ကျန်းမာရေးအလှူ
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် လိုအပ်လျက် ရှိသော Ultrasound စက် (၁)လုံးနှင့် Diathermy စက် (၁)လုံးတို့ကို ၁၈.၈.၂၀၁၃ ရက်နေ့က သွားရောက်လှူ ဒါန်း ပေးခဲ့ပါသည်။ လှူ ဒါန်းခြင်း အခမ်းအနားတွင်...
-
ဘိုကလေးမြို့နယ်ဆေးရုံသို့ Ultrasound နှင့် Diathermy စက်များလှူဒါန်းခြင်း
webmaster, , ကျန်းမာရေး, ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် လိုအပ်လျက် ရှိသော Ultrasound စက် (၁)လုံးနှင့် Diathermy စက် (၁)လုံးတို့ကို ၁၈.၈.၂၀၁၃ ရက်နေ့က သွားရောက်လှူ ဒါန်း ပေးခဲ့ပါသည်။ လှူ ဒါန်းခြင်း အခမ်းအနားတွင်...