ဘိုကလေးမြို့နယ်ဆေးရုံသို့ Ultrasound နှင့် Diathermy စက်များလှူဒါန်းခြင်း

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် လိုအပ်လျက် ရှိသော Ultrasound စက် (၁)လုံးနှင့် Diathermy စက် (၁)လုံးတို့ကို ၁၈.၈.၂၀၁၃ ရက်နေ့က သွားရောက်လှူ ဒါန်း ပေးခဲ့ပါသည်။

လှူ ဒါန်းခြင်း အခမ်းအနားတွင် ခေတ္တဆေးရုံအုပ်ဖြစ်သူ ကလေးအထူး ကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခိုင်သန်းလှ မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ရာ ယခင်က ဘိုကလေးဆေးရုံတွင် ခွဲစိတ်ရာ၌သွေးကြောလေးများအား ညှပ်ဖြင့်ညှပ်ခြင်း ၊ ကြိုးဖြင့်ချည်ခြင်းစသည့်နည်းလမ်းများကိုသာအသုံးပြုခဲ့ရာမှ ယခုလှူ ဒါန်းသည့် သွေးထိန်းစက် ( Diathermy) ကြောင့် အချိန်မကုန်တော့ပဲ လျင်မြန်အဆင်ပြေစွာခွဲစိတ်နိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် ဆေးရုံရှိ Ultrasound စက်မှာလည်းချွတ်ယွင်းနေသဖြင့် အသုံးပြုရန် အခက်အခဲရှိနေ ပါသည် ။ Ultrasound ရိုက်ရန်လိုအပ်ပါက ဖျာပုံဆေးရုံသို့သွားရောက် အသုံးပြုကြရပါသည်။ ယခုကဲ့သို့ဘိုကလေးဆေးရုံသို့လာရောက်လှူ ဒါန်း ပေးသည့် အတွက် ကုသသည့်ဆရာဝန်ကြီးများနှင့် ကုသခံသည့်လူနာများမှာ အထူးအဆင်ပြေသွားပြီဖြစ်ပါသည်။ ယခုကဲ့သို့လာရောက်လှူ ဒါန်းပေးသည့် ထူးဖောင်ဒေးရှင်းကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းကိုပြောကြားခဲ့ပါသည်။

ထူးဖောင်ဒေးရှင်း၏ ဘိုကလေးမြို့ အတွက်ကျန်းမာရေး အလှူ အပေါ် ဝမ်းမြောက်ပီတိဖြစ်နိုင်စေရန် အတွက် မျှဝေအပ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?