အင်းလေးသစ်တော စိုက်ခင်းဧက(၁၀၀)

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သော ချောင်းများမှတဆင့် ကန်အတွင်းသို့ နုန်းကျခြင်းလျော့နည်းစေရန်၊ အင်းလေးကန်ဝန်း ကျင်တောင် တန်းများ ပြန်လည်စိမ်းလန်းလာပြီး မြေဆီလွှာပျက်ဆီမှုထိမ်းသိမ်းစေရန်နှင့် ရွှေ့ပြောင်းတောင်ယာဆောင်ရွက်လုပ်ကိုင်မှုလျော့နည်းပပျောက်စေရန်၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောသစ်ပင်များချစ်ခင် တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကန်တော်ရွာအနီးတွင် အထောက်အကူပြုကွက်လပ်ဖြည့် သစ်တော စိုက်ခင်ဧက (၁၀၀)အားစိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးထားသော သစ်ပင်များမှာ ခါတော်မှီ၊ ကျွန်း၊ မယ်ဇလီ၊ ယူကလစ်၊ စိန်ပန်းနှင့် ငုစပ်တို့ဖြစ်ပြီး သဘာဝသစ်တောများ ကျဲပါးစွာပေါက်ရောက်လျက်ရှိသော လွယ်တန့်ဆည် ၀န်းကျင်ရှိ အင်းလေးကန် ရေဝေရေလဲတောင်ကြောမြေနေရာများ တွင်ဖြစ်ပါသည်။ ယခုကဲ့သို့ စိုက်ပျိုးပေးခြင်းဖြင့် နောင်ရှင်သန်ကြီးထွားလာသည့် အချိန်တွင် အပေါ်ယံမြေဆီလွှာ မိုးရေတိုက်စားခြင်းအား ကာကွယ်ပေးနိုင်သည့်အပြင် အင်းလေးကန်အတွင်းသို့ နုန်းမြေများပို့ချခြင်းကိုပါ ထိန်းသိမ်းဟန့်တားပေးရာရောက်မည်ဖြစ်ပါသည်။ ထပ်မံစိုက်ပျိုးမည့် ဧက (၁၀၀) မှာရေဝေရေလဲ စိုက်ခင်းမျိုးဖြစ်ပြီး မြသိန်းတန်ရွာအရှေ့ဘက်တွင်တည်ရှိပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် ငွေကြေးအကုန်ကျခံ၍ အင်းလေးကန်စိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီဌာန၏ နည်းပညာပံ့ပိုးမှုကိုရယူကာ ဒေသခံပြည်သူများအားပါဝင်ကူညီစေခြင်းဖြင့် အရိပ်ရနှစ်ရှည်ပင်များအောင်မြင်ဖြစ် ထွန်းအောင်ဆောင်ရွက် လျက်ရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?