ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို) မှကျောင်းသားကျောင်းသူများ၏လေ့လာရေး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေ သည့်ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ်ဖြစ် သည့် (၂၀၁၃ – ၂၀၁၄)တွင်ပဉ္စမမြောက်နှစ် သို့ရောက်ရှိလာပြီဖြစ် ပါသည်။ နှစ်စဉ် တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာ ဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း (၄၅.၇၈%)ဖြင့်ပူတာအိုခရိုင်၏ ပညာရေးကဏ္ဏတွင် တစ်ဖက်တစ် လမ်းမှ နိုင်ငံတော်အတွက် ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို)၌ အနာဂတ်၏အသီးအပွင့်လေး များဖြစ်ကြသော ဒေသခံတက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာ သင်ကြားလျက်ရှိပါသည်။

ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ မိုင် (၂၀၀) ကျော်ခန့်သာဝေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့်လမ်းပန်းဆက်သွယ်ရေး ခက်ခဲလျက်ရှိပြီး သယ်ယူပို့ဆောင်ရာနှင့် သွားလာရာတွင် လေယာဉ်ကိုသာ အားထားနေရပါသည်။ လေယာဉ်များ၏အရေးပါပုံ၊ ရဟတ်ယာဉ်များ၏အရေးပါပုံနှင့် အလုပ်လုပ်ဆောင်ပုံများ ၊ ဖွဲ့စည်းတည်ဆောက် ပုံများကို ဒေသခံများဖြစ်သည့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်အတွက် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ လေ့ လာနိုင်စေရန်စီ စဉ်ပေးခဲ့ပါသည်။ ကျောင်းသားကျောင်းသူများမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့တက်ရောက်ပြီး လေယာဉ်မှူးများ နှင့် လေယာဉ်မယ်၏ ရှင်းလင်းပြသမှုများဖြင့် အသေးစိတ်လေ့လာခွင့်ရခဲ့ကြပါသည်။ ထို့ပြင် ရဟတ်ယာဉ်မှူးများမှလည်း ရဟတ်ယာဉ်တစ်စင်း၏ဖွဲ့စည်းတည်ဆောက်ပုံများ ၊အလုပ်လုပ်ပုံများကိုကျောင်းသားကျောင်းသူများ ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အသေးစိတ်ရှင်းလင်းပြောပြပေးကြပါသည် ။

လေ့လာပျော်ရွှင်နေကြသည့်ပညာဒါနဘော်ဒါဆောင်မှကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများ ကို မမောမပန်းရှင်းလင်း ပြောပြပေးနေကြသော ပရိုက်ဗိတ်ဂျက်လေ ယာဉ်မှူးများ နှင့် လေယာဉ်မယ် မဝတ်ရည်သင်း ၊ရဟတ်ယာဉ်မှူးများ၊ ဝန်ထမ်းများအားလုံးကို လည်း ထူးဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထူးဖောင်ဒေးရှင်း အနေဖြင့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို) မှ နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသောကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ခြင်း အစီအစဉ်ဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်စေရန်အတွက်လည်း ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါသည်။ အဆင့်မြင့်ပညာသင်ကြားပြီးနောက် ဆက်လက်ထူးချွန်ပါက လည်း နိုင်ငံရပ်ခြားပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့်ဆက်လက်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?