သြစတေးလျှ မြန်မာအင်စတီကျု ၂၀၁၇

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တက္ကသိုလ်၏ ရာမညဆောင်တွင် ကျင်းပလျှက်ရှိသော သြစတေးလျှမြန်မာ အင်စတီကျု၂၀၁၇ ဆွေးနွေး ပွဲ(Australia Myanmar Institute 2017 Conference)တွင် ထူးဖောင်ဒေးရှင်းမှလည်း တစ်ထောင့်တစ်နေရာမှ ပံ့ပိုး ကူညီပေးလျှက် ရှိပါသည်။ အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၂၇)ရက်၊ ညနေ(၅)နာရီမှ(၇)နာရီ အထိ ရန်ကုန်တက္ကသိုလ်၊ ၀ိဇ္ဇာခန်းမတွင် ကျင်းပခဲ့ရာ ထူးဖောင်ဒေးရှင်း၏ တာဝန်ရှိပုဂ္ဂိုလ်အဖြစ် အမှု ဆောင် အရာရှိချုပ် ဦးပေါ်မြင့်ဦး တက်ရောက်ခဲ့ပါသည်။

သြစတေးလျှနှင့် နိုင်ငံတကာပညာရေး အင်စတီကျုများ၊ အစိုးရနှင့် အစိုးမဟုတ်သည့် အဖွဲ့အစည်းများ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရာတွင် သုတေသနများ အားကောင်းခိုင်မာရေး ၊ ပြည်သူ့ရေးရာမူဝါဒများ ခိုင်မာမှုနှင့် ကျင့်သုံးမှုများအတွက် မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် မှစတင်၍ လုပ်ဆောင်ခဲ့သော သြစတေးလျှ မြန်မာအင်စတီကျု (Australia Myanmar Institute (AMI) သည် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး မြန်မာအင်စတီကျု(Myanmar Institute for Strategic and International Studies -MISIS)နှင့် ပူးပေါင်း၍ ယခုဆွေးနွေးပွဲအား ကျင်းပခြင်းဖြစ်သည်။

“Progress Towards Myanmar’s Sustainable Development Goals” ခေါင်းစဉ်ဖြင့် နိုဝင်ဘာ(၂၇)မှ (၃၀)ရက်နေ့အထိ ပြည်တွင်း၊ပြည်ပပညာရှင်ပေါင်း များစွာသည် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးရေး ပန်းတိုင်များအား ဆွေးနွေးတင်ပြကြမည် ဖြစ်သည်။ အဆိုပါ ပညာရှင်များတွင် အစိုးရ၊ ပညာရေး၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် အများပြည်သူ့ရေးရာ မူဝါဒပိုင်းမှ ပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အဆိုပါဆွေးနွေးပွဲကြီး ကျင်းပနိုင်ခြင်းကြောင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များဆီ မြန်မာနိုင်ငံအရောက် လှမ်းနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ရမည့် အချက်များကို ပြန်လည်စိစစ်နိုင်ခြင်း၊ လက်တလောဖြစ်ပေါ် နေသည့် အချက်အလက် အထောက်အထားများအား အခြေပြု၍ ပါဝင်ဆွေးနွေးသည့်ပညာရှင်များ အနေဖြင့် မိမိတို့၏အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ ရေရှည်ဖွံ့ဖြိုးရေးပန်းတိုင်ဆီအရောက်လှမ်းနိုင်စေမည့် လုပ် ဆောင်ချက်များအား ဖော်ထုတ်နိုင်ခြင်း၊ မြန်မာအစိုးရ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတို့နှင့် နိုင်ငံတကာအသိုင်းအ ၀ိုင်းပူးပေါင်းလုပ်ကိုင်မှုများတွင် ထိရောက်မှုရှိစေမည့်နည်းလမ်းများကို ရှာဖွေတင်ပြနိုင်ခြင်းနှင့် ပြည်တွင်း၊ပြည်ပ ပညာရှင်အသီးသီးတို့၏ မတူကွဲပြားသော ပညာရေးနှင့်မူဝါဒအမြင်များအား ဖော်ထုတ်နိုင်ခြင်းဟူသော အကျိုး များကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

ယခုကျင်းပလျှက်ရှိသော ဆွေးနွေးပွဲကြီးသည် ၂၀၁၅ခုနှစ်ကကျင်းပခဲ့သော သြစတေးလျှ မြန်မာအင်စတီကျု ၂၀၁၅ဆွေးနွေးပွဲ(Australia Myanmar Institute 2015Conference)ကြီးတွင် အစပြုခဲ့သည့် ရေရှည်ဖွံ့ဖြိုးရေး ပန်းတိုင်များအား အကျယ်တ၀င့်ဆက်လက်ဆွေးနွေးနေခြင်းဖြစ်ပါသည်။ ၂၀၁၅ခုနှစ်ကကျင်းပခဲ့သောဖော်ပြပါ ဆွေးနွေးပွဲကြီးကိုလည်း ထူးဖောင်ဒေးရှင်းမှပင် စပွန်ဆာအဖြစ် ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံရေရှည်ဖွံ့ဖြိုးစေမည့် ပညာရှင်ဆွေးနွေးပွဲကြီးအား ထူးဖောင်ဒေးရှင်းအနေဖြင့် အပြည့်အ၀ထောက်ခံ အား ပေးပါကြောင်းနှင့် ထိုကဲ့သို့ နိုင်ငံအတွက် အကျိုးရှိစေမည့် ဆွေးနွေးပွဲကြီးအား ကူညီပံ့ပိုးခွင့်ရရှိခဲ့သဖြင့်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဖော်ပြအပ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?