ကျိုက်ထိုမြို့နယ်ရှိ ဆိပ္ဖူးတောင်ပရဟိတကျောင်းသို့လှူ ဒါန်းခြင်း

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်းသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းတွင်ဖွင့်လှစ်ထားသည့် ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ငွေကျပ် သိန်း(၁၃၀၀) တန်ဖိုးရှိ အလှူငွေနှင့် စာရေးကိရိယာပစ္စည်းများကို ယနေ့ စက်တင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်း ခဲ့ကြပါသည်။ အဆိုပါ အလှူသို့ ထူးဖောင်ဒေးရှင်း နာယကတစ်ဦးဖြစ်သူ ဦးသီဟ၊ ထူးဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ များဖြစ်သူ ဦးပြည့်ဖြိုးတေဇ၊ ဦးဖိုးသင်မောင်နှင့် ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ လတ်တလော ဖြစ်ပေါ်နေသော အခက်အခဲများအပြင် နောင်ပညာသင်ကြားရေးတွင် အခက်အခဲ မရှိစေရန် ရည်ရွယ်ကာ ထူးဖောင်ဒေးရှင်း နာယက ဦးသီဟ က ပရဟိတကျောင်းအတွက် ငွေပဒေသာပင် အဖြစ်သိန်း(၁၀၀၀) ကိုလည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ကအဆိုပါ ပရဟိတကျောင်းရှိအထက်တန်းနှင့် အဝေးသင် ကျောင်းသား(၂၆၅)ဦးအတွက် ပညာသင် ထောက်ပံ့ကြေးအဖြစ်ကျောင်းသား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် (၂၆၅) သိန်းကိုလည်းကောင်း၊ ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဖိုးသင်မောင်နှင့် အမှူဆောင် အရာရှိချုပ်ဦးပေါ်မြင့်ဦးတို့က အလယ်တန်းနှင့် မူလတန်း ကလေးငယ်များအတွက် စာရေးကိရိယာများနှင့် ကျောပိုးအိတ်များကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။ ဆိပ္ဖူးတောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိကမှ ငါးပါးသီလနှင့် အလှူတရားတော်များချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည် ထို့နောက် ကျောင်းရှိ ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားများ ပြောကြားခြင်း၊ မုန့်နှင့် အချိုရည် ဒါနပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပရဟိတကျောင်းကို ဆရာတော် ဦးဇောတိက မှ ၁၉၈၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၎င်းကျောင်းတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ အကြောင်းအမျိုးမျိုးကြောင့်မိဘမဲ့ ဖြစ်ခဲ့ရသည့်ကလေးငယ်များ၊ ငွေကြေးဆင်းရဲ ချို့တဲ့မှုကြောင့် စွန့်ပစ်ခံရသူများနှင့် စစ်ဘေးကြောင့် ထွက်ပြေးခိုလှုံနေကြသည့်တိုင်းရင်းသားကလေးငယ်အများစု မှီခိုနေထိုင်ကြပါသည်။ လက်ရှိတွင်တွဲဘက်အလယ်တန်းကျောင်းအဖြစ်ရပ်တည်နေပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၆၀)ကျော်ကိုစောင့်ရှောက်ထားရှိပါသည်။ ထိုကလေးငယ်များ၏ နေ့စဉ် စားဝတ်နေရေးနှင့် ပညာသင်ကြားရေးအတွက် အခက်အခဲများစွာ ရှိနေပြီး ထူးဖောင်ဒေးရှင်း၏ ယခုအလှူသည် ပရဟိတကျောင်းအတွက်တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ရရှိနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုကဲ့သို့တိုင်းရင်းသား မိဘမဲ့ကလေးငယ်များအပေါ်လှူဒါန်းပေးခဲ့ခြင်းအပေါ်ခံစားခဲ့ရသည့် ဝမ်းမြောက်ပီတိဖြစ်ရခြင်းကိုထပ်တူခံစားနိုင်စေရန်အတွက် မျှဝေအပ်ပါသည်။ လှူဒါန်းခြင်းအခမ်းအနားတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအားလုံးနှင့် Air Bagan Ltd. မှဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?