ထူးဖောင်ဒေးရှင်း၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ မွန်ပြည်နယ်မော်လမြိုင်မြို့တွင် Down Syndrome Technical Support Training သင်တန်းကို (၂၇.၈.၂၀၁၁) ရက်နေ့မှ (၂၉.၈.၂၀၁၁) ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းသုံးရက်တာသင်တန်းကို မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းမှ ၀န်ထမ်းများနှင့် အတူထူးဖောင်ဒေးရှင်းမှ ၀န်ထမ်းများ၊ မသန်စွမ်း ကလေးငယ်များ၏ မိဘများနှင့် သင်တန်းပို့ချသင်ကြားပေးမည့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် လူမှုရေးလုပ်သားများမှ လက်မှုပညာများကိုသင်ကြားပေးခြင်း၊ ၄င်းလက်မှုပညာရပ်များကို Down Syndrome ကလေးငယ်များအားပြန်လည် သင်ကြားပေးပုံနည်းစနစ်များ၊Down Syndrome နှင့် ပတ်သတ်သောအသိပညာများကို လက်တွေ့ပတ်ဝန်းကျင် တွင် ပြန်လည်အသုံးချပုံ၊ မသန်စွမ်းမှုနှင့် သက်ဆိုင်သောအမြင်သစ်များကို သိရှိနားလည်စေရန် ဆွေးနွေးသင်ကြားမှုများ ပြုလုပ်ခဲ့ပါသည်။ထို့ပြင် သင်တန်းသား၊သင်တန်းသူများနှင့် သင်တန်းဆရာများ၊ဆရာမများမှ မသန်စွမ်းသူများ ရင်ဆိုင်ရလေ့ရှိသောအခက်အခဲများကို အချင်းချင်းဆွေးနွေးအားပေးခဲ့ကြပါသည်။ ဆက်လက်၍ Down Syndrome ကလေးငယ်များအား ပန်းချီရေးဆွဲစေခြင်း၊ဆေးရောင်ခြယ်စေခြင်း၊ သီချင်းများသီဆိုစေခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်စေခြင်း၊ စက္ကူရုပ်များခေါက်စေခြင်း၊ ၄င်းတို့၏ မိဘများ၊ ဆရာ/မများနှင့် ဆွေးနွေး၍ ၄င်းတို့၏အခက်အခဲများကို ကူညီဆွေးနွေး အကြံပေးမှုများဆောင် ရွက်ခဲ့ပါသည်။ ယခုကဲ့သို့ သင်တန်းများ ပို့ချပေးခြင်းဖြင့် မသန်စွမ်းသူများအားပြုစု ကုသမည့် နည်းလမ်းများကို သိရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် မသန်စွမ်းကလေးငယ်များ ဥာဏ်ရည်ပိုမိုဖွံ့ဖြိုးစေမည့် နည်းလမ်းများကို သိရှိပံ့ပိုးပေးနိုင်ခြင်းနှင့် မသန်စွမ်းသူများမှပြုလုပ်သည့် လက်မှုပစ္စ္စည်းများ ကိုဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများရရှိအောင် လည်းဆောင်ရွက်ပေးနိုင် မည်ဖြစ်သည်။
“ဒေါင်းရောဂါ လက္ခဏာ စု”ဆိုင်ရာ ပညာပေး သင်တန်းပိုချခြင်း
feel free to call us +91.33.26789234 youremail@yourdomain.com
-
သီတဂူနှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသမှု အစီအစဉ်
HTOO Foundation Media, , ကျန်းမာရေး, 0
သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပူတာအိုမြို့ရှိ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ကုသပေးခြင်းအစီအစဉ်ကို (၅.၁၁.၂၀၁၁)ရက်နေ့မှ (၇.၁၁.၂၀၁၂) ရက်နေ့အထိပူတာအိုမြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ပေးခဲ့ပါသည်။သီတဂူအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့၏ ရှေ့ပြေးအဖွဲ့များကို ပူတာအိုသို့ ကြိုတင်စေလွှတ်ထားပြီး ဆရာတော်နှင့် အခြားအဖွဲ့ဝင်တို့သည် (၅.၁၁.၂၀၁၂) ရက်နေ့တွင်...
-
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းသို့ ထူးဖောင်းဒေးရှင်း သွားရောက် လှူဒါန်းမည်
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်းနာယကဦးတေဇအား အမှူးထား၍ ဖောင်ဒေးရှင်း မတည်ငွေ ကျပ်(၂၅)သိန်း၊ ထူးကုမ္ပဏီများ အုပ်စု၏ လုပ်ငန်းစုများနှင့် ကုမ္ပဏီဝန်ထမ်းများမှ စုပေါင်းလှူဒါန်းမှုတို့ဖြင့် ကရင်ပြည်နယ်၊ မြိုင်ကြီး ငူစစ်ဘေး ရှောင်စခန်းရှိ တိုင်းရင်းသား ပြည်သူများအား တရက်စာ အဟာရဒါနနှင့် ဆန်အိတ်...
-
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းသို့ ထူးဖောင်းဒေးရှင်း သွားရောက် လှူဒါန်းမည်
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်း၏ မတည်အလှူငွေအပြင် ထူးစီးပွားရေးယူနစ် များမှလည်း အလှူငွေ ကျပ်သိန်း (၅၀)ကျော်ပါ ၀င်လှူဒါန်းခဲ့သော ယခုလှူဒါန်းမှုကို ဆောင်ရွက်ရန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ယနေ့ညနေတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းသို့ သွားရောက် ကြမည်ဖြစ်ပါသည်။ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းရှိ...
-
ထူးဖောင်ဒေးရှင်း၏ ဘိုကလေးမြို့သို့ကျန်းမာရေးအလှူ
HTOO Foundation Media, , ကျန်းမာရေး, 0
ထူးဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် လိုအပ်လျက် ရှိသော Ultrasound စက် (၁)လုံးနှင့် Diathermy စက် (၁)လုံးတို့ကို ၁၈.၈.၂၀၁၃ ရက်နေ့က သွားရောက်လှူ ဒါန်း ပေးခဲ့ပါသည်။ လှူ ဒါန်းခြင်း အခမ်းအနားတွင်...
-
ဘိုကလေးမြို့နယ်ဆေးရုံသို့ Ultrasound နှင့် Diathermy စက်များလှူဒါန်းခြင်း
webmaster, , ကျန်းမာရေး, ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် လိုအပ်လျက် ရှိသော Ultrasound စက် (၁)လုံးနှင့် Diathermy စက် (၁)လုံးတို့ကို ၁၈.၈.၂၀၁၃ ရက်နေ့က သွားရောက်လှူ ဒါန်း ပေးခဲ့ပါသည်။ လှူ ဒါန်းခြင်း အခမ်းအနားတွင်...
-
တတိယအကြိမ် စက္ခုအလင်းပေးအပ်ပွဲ
webmaster, , ကျန်းမာရေး, 0
သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်း၍ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မျက်စိဝေဒနာရှင်များအား တတိယအကြိမ်မြောက်ဆေးကုသပေးခြင်းအစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိ ပူတာအိုခရိုင်ဆေး ရုံတွင် ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဝေးလံခေါင်ဖျားဒေသများမှ ဆေးဝါးကုသရန်အခက်အခဲရှိသည့် မျက်စိဝေဒနာရှင်များကို သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှလိုအပ်သည်များကိုပံ့ပိုးပေးခဲ့ပြီး...
-
ပူတာအိုခရိုင်အတွင်းစက္ခုအလင်းပေးအပ်ပွဲ (တတိယအကြိမ်)