ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က မရမ်းကုန်းမြို့နယ် MCC ခန်းမ၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ Air Supply နှင့်အတူ Iron Cross တေးဂီတ အဖွဲ့ မှလည်း အဆိုတော်များဖြစ်ကြသည့် လေးဖြူ ၊ အငဲ၊ မျိုးကြီး ၊ဝိုင်ဝိုင်း တို့ဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေပြီးနောက် Air Supply အဖွဲ့မှ “Thank You Chairman where ever you are ” ဟုနှုတ်ဆက်သွားခဲ့ပါသည်။ Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲဖြစ်မြောက်ရေး အတွက် ကူညီပေးခဲ့ကြသော Air Bagan Ltd., AGD Bank Ltd., Kandawgyi Palace Hotal, Aureum Palace Hotel, Myanmar Treasure Hotel, Asian Wings Airways, First National Insurance, Asia Pioneer Impex, MCS, Apex Petroleum နှင့် FM Bagan တို့ အားအထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ထူးဖောင်ဒေးရှင်းအနေဖြင့် ဖျော်ဖြေပွဲမှရရှိသည့်ဝင်ငွေအားလုံးကို မြန်မာနိုင်ငံအတွင်းရှိဝေးလံခေါင် ပါးသော ဒေသများမှကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါ သည်။
Air Supply Live In Myanmar
ဆက်သွယ်ရန် +၉၅ ၁ ၆၅၅၂၇၂ info@htoofoundation.org
-
ပြေးခုန်ပစ် အားကစားအောင်မြင်ရန်အတွက် ယူဒါန်းခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
(၂၀၁၃) ခုနှစ်၊ ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်မည့်ပြေးခုန်ပစ် အားကစားအောင်နိုင်ရေး အတွက် အဘက်ဘက်တွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက်ထောက် ပံ့ငွေပေးအပ်ခြင်း...
-
ရှမ်းပြည်နယ် ငလျင်အတွက်ငွေကျပ်သိန်း (၄၀၀)လှူဒါန်းခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ တာလေမြို့၊မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာများတွင် ၂၄-၃-၂၀၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၇.၀ အဆင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သော တိုင်းရင်းသားပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ နှင့်ဆေးဝါးပစ္စည်းမျိုးစုံ ကျပ်သိန်း ၂၀၀...
-
ထူးဖောင်ဒေးရှင်းနှင့် အင်ပါယာတေးဂီတဖျော်ဖြေပွဲ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မြို့ပေါ်နှင့်ကျေးရွာ အိမ်ထောင်စုများထံသို့ ထူးဖောင်ဒေးရှင်း၏ နှစ်စဉ်လှူဒါန်းမြဲဖြစ်သောထောက်ပံ့ကြေးများ၊ ဆေးဝါးပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းကို ၂၀၁၂ ခုနှစ်၊ဧပြီလ (၈)ရက်နေ့တွင် ထူးဖောင်ဒေးရှင်း နာယကဦးတေဇကိုယ်တိုင် ဒေသခံတိုင်းရင်းသားရွာသူ၊ ရွာသားများ နှင့် တွေ့ဆုံပွဲကျင်းပ၍ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ရဟတ်ယာဉ်...
-
ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ ကထိန်အလှူတော
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့သည့် အတွက်ထူးဖောင်ဒေးရှင်းမှ ပြန်လည်တည်ဆောက်လှူဒါန်းပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို (၂၃.၁၁.၂၀၁၂) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ (၂၂.၁၁.၂၀၁၂) ရက်နေ့ညတွင် ကထိန်ကကြိုအဖြစ် ဆိုင်းဝိုင်းဖြင့် ညလုံးပေါက်...
-
ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံမှ အဓိက ပံ့ပိုးကူညီသော အာရှ-ပစိဖိတ် သက်ကြီးရွယ်အိုများညီလာခံ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်း နှင့် အဲပုဂံတို့မှ အဓိကကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အာရှ -ပစိဖိတ်သက်ကြီးရွယ်အိုများဆိုင်ရာ ညီလာခံကို ၂၀၁၂ခုနှစ်၊ မေလ(၈)ရက်နေ့ မှ(၁၁)ရက်နေ့အထိ ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် လေးရက်ကြာ ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့...
-
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းအကြိုပြင်ဆင်မှုများ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
Mahasen Cyclone မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Htoo Group of Companies မှတာဝန်ရှိသူများ၊ AirBagan လေကြောင်းလိုင်း၊ AGD Bank ၊ Aureum Palace Hotel, Htoo...
-
ကချင်တိုင်းရင်းသားများသို့ လှူဒါန်ခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းသည် နယ်မြေလုံခြုံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကချင်တိုင်းရင်းသားအိမ်ထောင်စုများနှင့် ကျောင်းသား၊ကျောင်းသူများအတွက်ကျောင်း သုံးပစ္စည်း၊ အ၀တ်အထည် ၊ဆေးဝါး၊အစားအသောက်နှင့် တာပေါ်လင်စများကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က သွားရောက်လှူဒါန်းခဲ့ရာ ကချင်ပြည်နယ်၊ ပညာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၀န်ကြီးမှ...
-
ထူးဖောင်ဒေးရှင်းမှ ဖြူးဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်းည်။
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
၂၀၁၃ ခုနှစ် မတ်လ ၂၃ရက်နေ့က ပဲခူးတိုင်း ဒေသကြီး၊ ဖြူးဘိုးဘွားရိပ်သာသို့ ထူးဖောင်ဒေးရှင်းက ဘိုးဘွားရိပ်သာအတွက် တစ်သက်တာငွေပဒေသာပင် အဖြစ်ကျပ်သိန်း(၅၀၀)နှင့် ဘိုးဘွားများ တစ်နှစ်စာ ကျွေးမွေးစရိတ် (၄၆၈)သိန်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၉၆၈)သိန်းကို ဘိုးဘွားရိပ်သာ...

