ထူးဖောင်ဒေးရှင်းမှ ဖြူးဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်းည်။

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ် မတ်လ ၂၃ရက်နေ့က ပဲခူးတိုင်း ဒေသကြီး၊ ဖြူးဘိုးဘွားရိပ်သာသို့ ထူးဖောင်ဒေးရှင်းက ဘိုးဘွားရိပ်သာအတွက် တစ်သက်တာငွေပဒေသာပင် အဖြစ်ကျပ်သိန်း(၅၀၀)နှင့် ဘိုးဘွားများ တစ်နှစ်စာ ကျွေးမွေးစရိတ် (၄၆၈)သိန်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၉၆၈)သိန်းကို ဘိုးဘွားရိပ်သာ တာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့သည်။ လှူဒါန်းပွဲအခမ်း အနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဘိုးဘွားများအား နှစ်သိမ့်အားပေး ဂါရ၀ပြုစကား ပြောကြားပေးခဲ့ပါသည်။

ထို့နောက် ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်သီဟ ကအခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူပြုလုပ်ခွင့် ရခဲ့သည့်အတွက် ၀မ်းသာပီတိဖြစ်ရကြောင်း ပြောကြားပေးခဲ့ပါသည်။ ထို့နောက် ဖြူးဘိုးဘွားရိပ်သာ ပဒေသာပင်အတွက်အလှူငွကျပ် သိန်း(၅၀၀)ကို ထူးဖောင်ဒေးရှင်း ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌ ဦးပုက လက်ခံခဲ့သည်။ ဘိုးဘွားများအတွက် တစ်နှစ်စာ ကျွေးမွေးစရိတ် (၄၆၈)သိန်းကို ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်သီဟက ပေးအပ်လှူဒါန်းသည်ကို ဖြူးဘိုးဘွားရိပ်သာရှိ အသက်(၁၀၂)နှစ်ရှိ အဘွားဒေါ်လှရင်က လက်ခံယူခဲ့ပြီး ဘိုးဘွားများကိုယ်စား အဘွားဒေါ်တင်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်ထူးဖောင်ဒေးရှင်းတို့မှ ရိပ်သာရှိဘိုးဘွားများအတွက်လိုအပ်သော အသုံးအဆောင်များကို ဂါရဝပြုပေးအပ်ခဲ့ကြပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?