နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့သည့် အတွက်ထူးဖောင်ဒေးရှင်းမှ ပြန်လည်တည်ဆောက်လှူဒါန်းပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို (၂၃.၁၁.၂၀၁၂) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ (၂၂.၁၁.၂၀၁၂) ရက်နေ့ညတွင် ကထိန်ကကြိုအဖြစ် ဆိုင်းဝိုင်းဖြင့် ညလုံးပေါက် ဖျော်ဖြေတင်ဆက်ခဲ့ပြီး (၂၃.၁၁.၂၀၁၂)ရက်နေ့ နံနက် (၅:၀၀)တွင် သံဃာတော် (၂၇)ပါးအား အာရုဏ်ဆွမ်းဆပ် ကပ်လှူဒါန်းခဲ့ ပြီးနောက် နံနက်(၈:၀၀) တွင်ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးကျေးရွာ၏ စုပေါင်းမဟာဘုံကထိန်စီတန်းလှည့်လည်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။ နံနက် (၁၀:၃၀)တွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာသော ဧည့်သည်များနှင့် ရွာသူရွာသားများအား နေ့လည်စာဖြင့်ဧည့် ခံကျွေးမွေးခဲ့ ပါသည်။ ၄င်းနောက် မြို့ပေါ်နှင့် ကျေးရွာများရှိ သံဃာတော်အပါး (၃၀)အား ညှပ်သင်္ကန်းအပါအ၀င် သင်္ကန်းပရိက္ခရာ အပြည့်အစုံပါဝင်သော ကထိန်လျာသင်္ကန်းနှင့် ၀တ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ရွှေမိုး၊ ငွေမိုးများရွာသွန်းပေးခဲ့ပြီး ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပွဲတော်ကို ထူးဖောင်ဒေးရှင်းနှင့် ကျေးရွာရွာသူရွာသားများပူးပေါင်း၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ ကထိန်အလှူတော
feel free to call us +91.33.26789234 youremail@yourdomain.com
-
ပြေးခုန်ပစ် အားကစားအောင်မြင်ရန်အတွက် ယူဒါန်းခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
(၂၀၁၃) ခုနှစ်၊ ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်မည့်ပြေးခုန်ပစ် အားကစားအောင်နိုင်ရေး အတွက် အဘက်ဘက်တွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက်ထောက် ပံ့ငွေပေးအပ်ခြင်း...
-
ပဲခူးရေဘေးအလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ပဲခူးတိုင်းအတွင်း ပဲခူး၊ ရွှေကျင်၊ မဒေါက်၊ တောင်ငူ၊ ညောင်လေးပင်၊ သနပ်ပင်စသည့်မြို့များတွင်မြစ်ရေ လျှံ၍ရေဘေး သင့်ပြည်သူများသည် နေအိမ်များကိုစွန့်ခွာကာ ကယ်ဆယ်ရေး စခန်းများ တွင်ပြောင်းရွေ့နေ ထိုင်ခဲ့ကြရပါသည်။ ကယ်ဆယ်ရေးစခန်း ၂၂ ခု၊ ရေဘေးသင့်ပြည်သူဦးရေ ၁၅၀၀၀...
-
မသန်စွမ်းအမျိုးသမီးများ၏ အလှစွမ်းရည်ပြိုင်ပွဲ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းကြီး(ရန်ကုန်)နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ Miss Empowered Handicapped Queen Contest ,2011 ပြိုင်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ၊ ကန်တော်ကြီး Utopia တွင်ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအခမ်းအနား တစ်ခုလုံး၏ကုန်ကျ စရိတ်စုစုပေါင်း...
-
ရှမ်းပြည်နယ် ငလျင်အတွက်ငွေကျပ်သိန်း (၄၀၀)လှူဒါန်းခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ တာလေမြို့၊မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာများတွင် ၂၄-၃-၂၀၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၇.၀ အဆင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သော တိုင်းရင်းသားပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ နှင့်ဆေးဝါးပစ္စည်းမျိုးစုံ ကျပ်သိန်း ၂၀၀...
-
လေယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်ခဲ့သူများ၏မိသားစုများအားကူညီခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
၂၀၁၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့က အဲပုဂံ လေယာဉ် မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် ဦးပြား၊ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မောင်ဌေးအောင်နှင့် ဦးပြား၏ မိသားစုဝင်များအား ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံတို့က ငွေကျပ် သိန်း(၂၀၀)နှင့်...
-
Air Supply Live In Myanmar
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က မရမ်းကုန်းမြို့နယ် MCC ခန်းမ၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ Air Supply...
-
ထူးဖောင်ဒေးရှင်းနှင့် အင်ပါယာတေးဂီတဖျော်ဖြေပွဲ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မြို့ပေါ်နှင့်ကျေးရွာ အိမ်ထောင်စုများထံသို့ ထူးဖောင်ဒေးရှင်း၏ နှစ်စဉ်လှူဒါန်းမြဲဖြစ်သောထောက်ပံ့ကြေးများ၊ ဆေးဝါးပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းကို ၂၀၁၂ ခုနှစ်၊ဧပြီလ (၈)ရက်နေ့တွင် ထူးဖောင်ဒေးရှင်း နာယကဦးတေဇကိုယ်တိုင် ဒေသခံတိုင်းရင်းသားရွာသူ၊ ရွာသားများ နှင့် တွေ့ဆုံပွဲကျင်းပ၍ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် ရဟတ်ယာဉ်...
-
ရခိုင်တိုင်းရင်းသားများသို့အလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးမှုဘဏ်လီမိတက်၊ အဲပုဂံလေကြောင်းလိုင်း ၊Elite Tech Co., Ltd. နှင့် Htoo Group Of Companies တို့မှစုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း (၅၀၀)ကို...

