ပြေးခုန်ပစ် အားကစားအောင်မြင်ရန်အတွက် ယူဒါန်းခြင်း

Want create site? Find Free WordPress Themes and plugins.

(၂၀၁၃) ခုနှစ်၊ ဒီဇင်ဘာလတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်ပါသည်။  အဆိုပါအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင်ဝင်ရောက် ယှဉ်ပြိုင်မည့်ပြေးခုန်ပစ် အားကစားအောင်နိုင်ရေး အတွက် အဘက်ဘက်တွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက်ထောက် ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၁)ရက် နေ့ညနေ (၃) နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ YUFC အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းမှ အရှေ့တောင်အာရှအား ကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု များနှင့် ပတ်သက်သည်များ၊ ၂၀၀၄ ခုနှစ်မှစ၍ပြေးခုန်ပစ် အားကစားပိုမိုအောင်မြင် တိုးတက်စေရန် ထူးကုမ္ပဏီမှယနေ့ထိငွေအား၊ လူအား၊ ပစ္စည်းအားဖြင့်ကိစ္စရပ်များ အားလုံးတွင် ကူညီထောက်ပံ့ခဲ့သည်များ၊ အောင်မြင်မှုရရှိခဲ့သည်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍အမှာစကားပြော ကြားပေးခဲ့ပါသည်။

ထို့နောက်အစီအစဉ်အရထူးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာဒေါ်ယမင်းလွင်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနှင့် ပတ်သက် သည့် ကိစ္စအ၀၀တွင်အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်သို့ ထောက်ပံ့ငွေကျပ်သိန်း (၁,၀၀၀) ကိုပေးအပ်လှူဒါန်းရာ ဒုတိယဥက္ကဋ္ဌ ဦးစံထွန်းမှ လက်ခံရယူခဲ့ပါသည်။

၎င်းနောက် AGD Bank မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာဦးသက်လွင်ရွှေမှ နည်းပြများနှင့်လက်ရွေးစင် အားကစားသမားများအတွက်လေ့ကျင့်ရေးဝတ်စုံများ၊ ဖိနပ်များကိုပေးအပ် လှူဒါန်းခဲ့ရာအဖွဲ့ချုပ်နည်းပြဦးထွန်းမြင့် နှင့် အားကစားတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံပြေးခုန်ပစ်အား ကစားအောင်နိုင်ရေးကော်မတီမှလည်း စခန်းသွင်းလေ့ကျင့်နေကြသည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်၏နည်းပြများ နှင့် လက်ရွေးစင် အားကစားသမားများ အတွက်ထောက်ပံ့ငွေများ ကိုပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?