ထူးဖောင်ဒေးရှင်းသည် နယ်မြေလုံခြုံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ကချင်တိုင်းရင်းသားအိမ်ထောင်စုများနှင့် ကျောင်းသား၊ကျောင်းသူများအတွက်ကျောင်း သုံးပစ္စည်း၊ အ၀တ်အထည် ၊ဆေးဝါး၊အစားအသောက်နှင့် တာပေါ်လင်စများကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က သွားရောက်လှူဒါန်းခဲ့ရာ ကချင်ပြည်နယ်၊ ပညာရေးနှင့် လူမှုရေးဝန်ကြီးဌာန ၀န်ကြီးမှ လက်ခံရယူခဲ့ပါသည်။ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ကချင်ပြည်နယ်အတွင်းတွင် ၂၀၁၂ခုနှစ်၊ ဇွန်လ ၁၅ရက်မှ သြဂုတ် ၁၆ ရက်အတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၆၉၀၈ ဦးနှင့် အိမ်ထောင်စုပေါင်း ၇၆ စုနေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရပါသည်။
ကချင်တိုင်းရင်းသားများသို့ လှူဒါန်ခြင်း
ဆက်သွယ်ရန် +၉၅ ၁ ၆၅၅၂၇၂ info@htoofoundation.org
-
Miss Universe Myanmar 2013 သတင်းစာရှင်းလင်းပွဲ
webmaster, , ပံ့ပိုးကူညီမှုများ, သတင်းများ, 0
Miss Universe 2013 ပြိုင်ပွဲအား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် Miss Universe Myanmar ပြိုင်ပွဲကို Hello Madam မီဒီယာအုပ်စုမှကြီးမှူးကျင်းပပြီး...
-
miss-universe-myanmar-2013
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းမှ အဓိကပံ့ပိုးကူညီသော Miss Universe Myanmar 2013 ပြိုင်ပွဲအား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မယ်စကြာဝဠာ ၂၀၁၃ ပြိုင်ပွဲအား နှစ်ပေါင်း (၅၀)ကျော်အတွင်း မြန်မာနိုင်ငံက...
-
Air Supply Live In Myanmar
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က မရမ်းကုန်းမြို့နယ် MCC ခန်းမ၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ Air Supply...
-
မနောအလှ ဂီတည
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ကချင်ပြည်နယ်အတွင်းရှိ အကူအညီလိုအပ်နေသော ဒေသခံတိုင်းရင်းသားများအား လူမျိုးဘာသာမခွဲခြားပဲ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းမှ မနောအလှဂီတည တေးဂီတဖျော်ဖြေပွဲအတွက် main sponsor အဖြစ်ငွေကျပ် (၁၃၅)သိန်းနှင့်ကိုယ်တိုင် သွားရောက်လှူဒါန်းကြမည့် အနုပညာရှင်များအတွက် ရန်ကုန်-မြစ်ကြီးနား အသွားအပြန် လေယာဉ်လက်မှတ်အစောင် (၃၀)ကို အဲပုဂံမှလည်းကောင်း၊...
-
ရှမ်းပြည်နယ် ငလျင်အတွက်ငွေကျပ်သိန်း (၄၀၀)လှူဒါန်းခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ တာလေမြို့၊မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာများတွင် ၂၄-၃-၂၀၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၇.၀ အဆင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သော တိုင်းရင်းသားပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ နှင့်ဆေးဝါးပစ္စည်းမျိုးစုံ ကျပ်သိန်း ၂၀၀...
-
ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံမှ အဓိက ပံ့ပိုးကူညီသော အာရှ-ပစိဖိတ် သက်ကြီးရွယ်အိုများညီလာခံ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်း နှင့် အဲပုဂံတို့မှ အဓိကကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အာရှ -ပစိဖိတ်သက်ကြီးရွယ်အိုများဆိုင်ရာ ညီလာခံကို ၂၀၁၂ခုနှစ်၊ မေလ(၈)ရက်နေ့ မှ(၁၁)ရက်နေ့အထိ ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် လေးရက်ကြာ ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့...
-
ပဲခူးရေဘေးအလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ပဲခူးတိုင်းအတွင်း ပဲခူး၊ ရွှေကျင်၊ မဒေါက်၊ တောင်ငူ၊ ညောင်လေးပင်၊ သနပ်ပင်စသည့်မြို့များတွင်မြစ်ရေ လျှံ၍ရေဘေး သင့်ပြည်သူများသည် နေအိမ်များကိုစွန့်ခွာကာ ကယ်ဆယ်ရေး စခန်းများ တွင်ပြောင်းရွေ့နေ ထိုင်ခဲ့ကြရပါသည်။ ကယ်ဆယ်ရေးစခန်း ၂၂ ခု၊ ရေဘေးသင့်ပြည်သူဦးရေ ၁၅၀၀၀...
-
ရွှေဘိုငလျင်ဘေးအတွက်ဆန်အလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဆန်အိတ်(၁၀၀)လှူဒါန်းခြင်းအခမ်းအနားကို (၂၄.၁.၂၀၁၃)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမဆောင်၌ကျင်းပခဲ့ပါသည်။ အဆိုပါထူးဖောင်ဒေးရှင်းမှ လှူဒါန်းသော ဆန်အိတ် (၁၀၀) အားဦးကျော်စိုးမင်း(ဒုတိယ တိုင်းသမ၀ါယမဦးစီးမှူး)မှလက်ခံရယူခဲ့ပြီး၊ ထူးဖောင်ဒေးရှင်းမှ လှူဒါန်းရခြင်းအကြောင်းရှင်းလင်းတင်ပြ၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။...
