ထူးဖောင်ဒေးရှင်း မီနီမာရသွန်ပြိုင်ပွဲ (ပူတာအို)

Want create site? Find Free WordPress Themes and plugins.

ပူတာအိုခရိုင်အတွင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် (၉၂)ကြိမ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ထူးဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့် မီနီမာရသွန်ပြိုင်ပွဲကို (၈.၁၂.၁၂၊ အမျိုးသားနေ့) တွင်ပူတာအိုမြို့ကျင်းပခဲ့ ပါသည်။ ပူတာအိုမြို့လေယာဉ်ကွင်းလမ်းဆုံမှနံနက်(၆) နာရီတွင် စတင်တာ ထွက်ခဲ့ပြီး မူလာရှီးဒီကျေးရွာသို့၊ ထို့မှပူတာအိုပြည်သူ့ အားကစား ကွင်းတွင် ပန်းဝင်ခဲ့ကြပြီးပြေးလမ်းမှာ (၁၄) မိုင်ရှိပါသည်။ ပြိုင်ပွဲဝင်ပေါင်း (၇၀၀)ဦး ၀င်ရောက်ကြိုစားယှဉ်ပြိုင်ခဲ့ကြပါသည်။ ထူးဖောင်ဒေးရှင်း နာယကဖလား မီနီမာရသွန်ပြိုင်ပွဲတွင် ဆုပေါင်း (၃၆) မျိုးချီးမြှင့်ခဲ့ပါသည်။

ပထမဆု ကျပ်(၅)သိန်းနှင့်ဆုဖလား၊ ဒုတိယဆုကျပ်(၄)သိန်းနှင့် ဆုဖလား၊ တတိယဆုကျပ် (၃)သိန်းနှင့် ဆုဖလား၊ စတုတ္ထဆု ကျပ်(၂)သိန်းဆုဖလား၊ ပဉ္စမဆု ကျပ်(၁) သိန်းနှင့် ဆုဖလားတို့ အပြင်နှစ်သိမ့်ဆု(၅)ဆု၊ ပန်းဝင်ဆု ဆု(၂၀)၊ အမျိုးသမီးပန်းဝင်ဆု (၃)ဆု၊ အသက်အကြီးဆုံးပန်းဝင်ဆု၊ အသက်အငယ်ဆုံးပန်းဝင်ဆု နှင့် ဇွဲဆုတို့ကိုလည်း ချီးမြှင့်ခဲ့ပါသည်။ ယခုအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော ထူးဖောင်ဒေးရှင်း မီနီမာရသွန်ပြိုင်ပွဲသည် ပူတာအိုခရိုင်အတွင်းတွင် ပထမဆုံးပြုလုပ်သော မာရသွန်ပြိုင် ပွဲဖြစ်ပြီး နှစ်စဉ်ကျင်းပနိုင်ရန်အတွက် စီစဉ်ထားရှိပါသည်။

မာရသွန်ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပူတာအို ခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုနှင့် မြို့နယ်အား/ကာကော်မတီမှဦးဆောင်ကာ ပူတာအိုမြို့နယ်အတွင်း ဌာနဆိုင်ရာအားလုံးတို့မှ ထူးဖောင်ဒေးရှင်းနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးခဲ့ကြပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?