ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က မရမ်းကုန်းမြို့နယ် MCC ခန်းမ၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ Air Supply နှင့်အတူ Iron Cross တေးဂီတ အဖွဲ့ မှလည်း အဆိုတော်များဖြစ်ကြသည့် လေးဖြူ ၊ အငဲ၊ မျိုးကြီး ၊ဝိုင်ဝိုင်း တို့ဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေပြီးနောက် Air Supply အဖွဲ့မှ “Thank You Chairman where ever you are ” ဟုနှုတ်ဆက်သွားခဲ့ပါသည်။ Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲဖြစ်မြောက်ရေး အတွက် ကူညီပေးခဲ့ကြသော Air Bagan Ltd., AGD Bank Ltd., Kandawgyi Palace Hotal, Aureum Palace Hotel, Myanmar Treasure Hotel, Asian Wings Airways, First National Insurance, Asia Pioneer Impex, MCS, Apex Petroleum နှင့် FM Bagan တို့ အားအထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် ထူးဖောင်ဒေးရှင်းအနေဖြင့် ဖျော်ဖြေပွဲမှရရှိသည့်ဝင်ငွေအားလုံးကို မြန်မာနိုင်ငံအတွင်းရှိဝေးလံခေါင် ပါးသော ဒေသများမှကလေးသူငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါ သည်။
Air Supply Live In Myanmar
feel free to call us +91.33.26789234 youremail@yourdomain.com
-
မနောအလှ ဂီတည
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ကချင်ပြည်နယ်အတွင်းရှိ အကူအညီလိုအပ်နေသော ဒေသခံတိုင်းရင်းသားများအား လူမျိုးဘာသာမခွဲခြားပဲ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ထူးဖောင်ဒေးရှင်းမှ မနောအလှဂီတည တေးဂီတဖျော်ဖြေပွဲအတွက် main sponsor အဖြစ်ငွေကျပ် (၁၃၅)သိန်းနှင့်ကိုယ်တိုင် သွားရောက်လှူဒါန်းကြမည့် အနုပညာရှင်များအတွက် ရန်ကုန်-မြစ်ကြီးနား အသွားအပြန် လေယာဉ်လက်မှတ်အစောင် (၃၀)ကို အဲပုဂံမှလည်းကောင်း၊...
-
ရွှေဘိုငလျင်ဘေးအတွက်ဆန်အလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဆန်အိတ်(၁၀၀)လှူဒါန်းခြင်းအခမ်းအနားကို (၂၄.၁.၂၀၁၃)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမဆောင်၌ကျင်းပခဲ့ပါသည်။ အဆိုပါထူးဖောင်ဒေးရှင်းမှ လှူဒါန်းသော ဆန်အိတ် (၁၀၀) အားဦးကျော်စိုးမင်း(ဒုတိယ တိုင်းသမ၀ါယမဦးစီးမှူး)မှလက်ခံရယူခဲ့ပြီး၊ ထူးဖောင်ဒေးရှင်းမှ လှူဒါန်းရခြင်းအကြောင်းရှင်းလင်းတင်ပြ၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။...
-
ပဲခူးရေဘေးအလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ပဲခူးတိုင်းအတွင်း ပဲခူး၊ ရွှေကျင်၊ မဒေါက်၊ တောင်ငူ၊ ညောင်လေးပင်၊ သနပ်ပင်စသည့်မြို့များတွင်မြစ်ရေ လျှံ၍ရေဘေး သင့်ပြည်သူများသည် နေအိမ်များကိုစွန့်ခွာကာ ကယ်ဆယ်ရေး စခန်းများ တွင်ပြောင်းရွေ့နေ ထိုင်ခဲ့ကြရပါသည်။ ကယ်ဆယ်ရေးစခန်း ၂၂ ခု၊ ရေဘေးသင့်ပြည်သူဦးရေ ၁၅၀၀၀...
-
ရှမ်းပြည်နယ် ငလျင်အတွက်ငွေကျပ်သိန်း (၄၀၀)လှူဒါန်းခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ တာလေမြို့၊မိုင်းလင်းရွာနှင့် မိုင်းကိုးကျေးရွာအုပ်စု၊ ကျကူနီရွာများတွင် ၂၄-၃-၂၀၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၇.၀ အဆင့်ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သော တိုင်းရင်းသားပြည်သူများအတွက် အလှူငွေ ကျပ်သိန်း ၂၀၀ နှင့်ဆေးဝါးပစ္စည်းမျိုးစုံ ကျပ်သိန်း ၂၀၀...
-
ထူးဖောင်ဒေးရှင်း၏ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်လိုအပ်ချက်အလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်အတွင်းနည်းလမ်းများစွာဖြင့် ငြိမ်းချမ်းရေးလိုလားသူများအတွက် ကူညီဆောင် ရွက်ပေးလေ့ရှိပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင်စစ်ဘေးတိမ်းရှောင်နေကြသော ဒုက္ခသည်များအတွက်စားနပ် ရိက္ခာပြည့်စုံနေစေရန် အတွက်ကိုလည်း ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီခဲ့ပါသည်။မြစ်ကြီးနားမြို့ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းအတွက် ဆန်အိတ် (၅၀)၊ ဂျမိုင်ကောင်း စစ်ဘေးရှောင်စခန်းအတွက်...
-
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းအကြိုပြင်ဆင်မှုများ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
Mahasen Cyclone မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် Htoo Group of Companies မှတာဝန်ရှိသူများ၊ AirBagan လေကြောင်းလိုင်း၊ AGD Bank ၊ Aureum Palace Hotel, Htoo...
-
ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံမှ အဓိက ပံ့ပိုးကူညီသော အာရှ-ပစိဖိတ် သက်ကြီးရွယ်အိုများညီလာခံ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်း နှင့် အဲပုဂံတို့မှ အဓိကကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အာရှ -ပစိဖိတ်သက်ကြီးရွယ်အိုများဆိုင်ရာ ညီလာခံကို ၂၀၁၂ခုနှစ်၊ မေလ(၈)ရက်နေ့ မှ(၁၁)ရက်နေ့အထိ ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် လေးရက်ကြာ ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့...
-
ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ ကထိန်အလှူတော
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့သည့် အတွက်ထူးဖောင်ဒေးရှင်းမှ ပြန်လည်တည်ဆောက်လှူဒါန်းပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို (၂၃.၁၁.၂၀၁၂) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ (၂၂.၁၁.၂၀၁၂) ရက်နေ့ညတွင် ကထိန်ကကြိုအဖြစ် ဆိုင်းဝိုင်းဖြင့် ညလုံးပေါက်...