ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်၏ဆုချီးမြှင့်ပွဲအခမ်းအနား

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို) ၏ဆုချီးမြှင့်ပွဲအခမ်းအနား။ ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင် (ပူတာအို) ၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို (၁၁.၇.၂၀၁၃) ရက်နေ့က ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင် ဧည့်ခန်းမတွင်ကျင်းပခဲ့ပါသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပူတာအိုမြို့မျက်စိဆေးကုသရေးအစီအစဉ်အတွက်ကြွရောက်နေသော သီတဂူဆရာတော်ဘုရားကြီးဒေါက်တာ အရှင်ဥာဏိဿရ တက်ရောက် ချီးမြှင့်ပေးခဲ့ပြီးထူးဖောင်ဒေးရှင်းမှ နာယကများဖြစ်ကြသော ဦးတေဇ၊ ဦးဇော်မင်း နှင့် ဦးသော် ၊ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပူတာအိုအခြေချစစ်ဗျူဟာမှူး ၊ပူတာအိုမြို့နယ်မှဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ လီဆူ၊ ရဝမ်၊ ခန္တီးရှမ်း၊ ဂျိန်းဖောလူမျိုး တိုင်းရင်း သားခေါင်းဆောင်များ၊ ဆုရကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နေ့လည် (၁၂:၃၀) တွင် သီတဂူဆရာတော်ဘုရားကြီး၏ သြဝါဒဖြင့်စတင်ခဲ့ပြီး ၊ ဒေသခံများကိုယ်စား ပူတာအိုအခြေချစစ်ဗျူ ဟာ မှူး ဗိုလ်မှူးကြီး မြင့်မောင်ဦးမှ အမှာစကား ပြောကြားပေး ခဲ့ပါသည်။ ထို့နောက် ထူးဖောင်ဒေးရှင်း နာယကဦးတေဇမှ ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ရှိ အဆောက်အဦများတည်ဆောက်ရန်အတွက်လိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား စင်းလုံးငှားလေယာဉ်ဖြင့်သယ်ယူပေးခဲ့ရခြင်းများ ၊ ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ တက္ကသိုလ်ဝင် တန်းအောင်မြင်သွားသောကျောင်းသား၊ကျောင်းသူများအား ထူးဖောင်ဒေးရှင်းပညာသင်ထာက်ပံ့ကြေး အစီအစဉ်ဖြင့်ဆက်လက်ထောက်ပံ့မည့်အကြောင်းနှင့်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ဆက်လက် ကူညီဆောင်ရွက်မည့်အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါ သည်။

ထို့ပြင်ခုတင်(၁၀၀)ဆံ့ပူတာအိုခရိုင်ဆေးရုံတွင် ထူးဖောင်ဒေးရှင်းမှအဆင့်မြင့်ခွဲစိပ်ခန်းတစ်ဆောင်အား ဆောက်လုပ်လှူ ဒါန်းပါမည့် အကြောင်းကိုလည်း သီတဂူဆရာတော်ကြီးအားလျောက်ထားခဲ့ပြီး ဒေသခံများအား ကတိပေးပြောကြား ခဲ့ပါသည်။ ပူတာအိုခရိုင် အုပ်ချုပ်ရေးမှူး၊ ပူတာအိုခရိုင်စစ်ဗျူဟာမှူး၊ ထူးဖောင်ဒေးရှင်းနာယကဦးတေဇ ၊ နာယကဦးဇော်မင်းနှင့်ပူတာအိုမြို့နယ်ပညာရေးမှူး တို့မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအားနှင့် ဂုဏ်ထူးများရရှိအောင် သင်ကြားပေးခဲ့ကြ သောဆရာ၊ ဆရာမများအားဆုများချီးမြှင့်ပေးခဲ့ကြပါသည်။ ဆုများအားလက်ခံခဲ့ပြီးနောက် ထူးချွန်စွာအာင်မြင်ခဲ့သောကျောင်းသားတစ်ဦးဖြစ်သူမောင်ခီဆီးရဲ့မှ ကျေးဇူးတင်စကားပန်လည်ပြောကြားပးခဲ့ပါသည်။ ထို့နောက်သီတဂူဆရာတော်ဘုရားကြီးနှင့်၊ ထူးဖောင်ဒေးရှင်း မှတာဝန်ရှိသူများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများ၊ ဆရာများအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး၊ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသောဧည့်သည်တော်များ၊ ကျောင်သား၊ကျောင်းသူများအားနေ့ လည်စာထောပတ်ထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ ၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၈၃) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၈) ဦးအောင်မြင်ခဲ့ကာ (၁) ဘာသာဂုဏ်ထူး ဖြင့်အောင်မြင်သူ (၁၀) ဦးထွက်ပေါ်လာခဲ့ပါ သည်။ အာင်ချက်ရာခိုင်နှုန်း အနေဖြင့် (၄၅.၇၈%) ရှိခဲ့ပါသည်။ ထူးဖောင်ဒေးရှင်းမှဆုချီးမြှင့်ငွေများအပြင်သီးခြားအနေဖြင့် ထူးဖောင်ဒေးရှင်းနာယကဦးတေဇမှ ဂုဏ်ထူး(၁) ဘာသာစီဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ငွေကျပ် (၅) သိန်းစီ၊အာင်မြင်ခဲ့ကြသောကျောင်း သားကျောင်းသူများအတွက်ဆုချီးမြှင့်ငွေကျပ် (၂) သိန်းစီတို့အား ချီးမြှင့်ပေးခဲ့ပါသည်။ ထူးဖောင်ဒေးရှင်း အနေဖြင့် ဒေသတွင်းပညာရေး အတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးခဲ့ရခြင်းဖြင့် ယခုကဲ့သို့အောင်မြင်မှု အသီးအပွင့်များ ရရှိခံစားခဲ့ရခြင်းအပေါ် ဝမ်းသာပီတိဖြစ်ခဲ့ရသကဲ့သို့ ပံ့ပိုးကူညီပေးခဲ့ကြသော Air Bagan လေကြောင်းလိုင်း၊ Asian Wings လကြောင်းလိုင်း၊AGD Bank ၊ Aureum Palace Hotel နှင့် Htoo Group Of Companies တို့အထူးကျေးဇူးတင်ရှိ ပါကြောင်းဖော်ပြ အပ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

©2025 ထူးဖေါင်ဒေးရှင်း. မှတ်ပုံတင် ဆောင်ရွက်ပြီး.

or

Log in with your credentials

Forgot your details?