မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းသို့ ထူးဖောင်းဒေးရှင်း သွားရောက် လှူဒါန်းမည်

Want create site? Find Free WordPress Themes and plugins.

ထူးဖောင်ဒေးရှင်း၏ မတည်အလှူငွေအပြင် ထူးစီးပွားရေးယူနစ် များမှလည်း အလှူငွေ ကျပ်သိန်း (၅၀)ကျော်ပါ ၀င်လှူဒါန်းခဲ့သော ယခုလှူဒါန်းမှုကို ဆောင်ရွက်ရန် ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများသည် ယနေ့ညနေတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းသို့ သွားရောက် ကြမည်ဖြစ်ပါသည်။

မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းရှိ ခိုလှုံသူ တိုင်းရင်းသား ပည်သူများအတွက် ပရဟိတ အဖွဲ့များ၏ လှူဒါန်းမှုများ ယခု နှစ်အစောပိုင်းက စတင်ပြီး တစစ နည်းပါးလာနေခဲ့ကြောင်း သတင်းများအရသိရှိရပါသည်။ ထိုကဲ့သို့ စားနပ်ရိက္ခာရှားပါးလာနေရာမှ ပြီးခဲ့သော ဧပြီလအရောက်တွင် အဆိုး ဆုံးအခြေအနေကို ရောက်ရှိလာကြောင်း သိရှိခဲ့ရပါသည်။

မြန်မာနိုင်ငံ၏အမှန်တကယ်လိုအပ်ချက်ရှိနေသည့် နေရာဒေသများတွင် သွားရောက်လှူဒါန်းမှု ပြုလုပ်လိုသည့် ထူးဖောင်ဒေးရှင်း၏ ရပ်တည် ချက်အတိုင်း ယခုမြိုင်ကြီးငူစစ်ဘေးရှောင်စခန်းကို သွားရောက် လှူဒါန်းရန် စီစဉ်ခဲ့ ခြင်းဖြစ်ပါသည်။

ထူးဖောင်ဒေးရှင်းအနေဖြင့် အနာဂါတ်ကာလ တွင်လည်း ယခုလိုအမှန်တကယ်လိုအပ်ချက်ရှိ နေသည့် ဒေသများမှ ပြည်သူများအတွက် စွမ်းနိုင်သမျှ ကူညီလှူဒါန်း မှုပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?