ထူးဖောင်ဒေးရှင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သော ချောင်းများမှတဆင့် ကန်အတွင်းသို့ နုန်းကျခြင်းလျော့နည်းစေရန်၊ အင်းလေးကန်ဝန်း ကျင်တောင် တန်းများ ပြန်လည်စိမ်းလန်းလာပြီး မြေဆီလွှာပျက်ဆီမှုထိမ်းသိမ်းစေရန်နှင့် ရွှေ့ပြောင်းတောင်ယာဆောင်ရွက်လုပ်ကိုင်မှုလျော့နည်းပပျောက်စေရန်၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောသစ်ပင်များချစ်ခင် တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကန်တော်ရွာအနီးတွင် အထောက်အကူပြုကွက်လပ်ဖြည့် သစ်တော စိုက်ခင်ဧက (၁၀၀)အားစိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးထားသော သစ်ပင်များမှာ ခါတော်မှီ၊ ကျွန်း၊ မယ်ဇလီ၊ ယူကလစ်၊ စိန်ပန်းနှင့် ငုစပ်တို့ဖြစ်ပြီး သဘာဝသစ်တောများ ကျဲပါးစွာပေါက်ရောက်လျက်ရှိသော လွယ်တန့်ဆည် ၀န်းကျင်ရှိ အင်းလေးကန် ရေဝေရေလဲတောင်ကြောမြေနေရာများ တွင်ဖြစ်ပါသည်။ ယခုကဲ့သို့ စိုက်ပျိုးပေးခြင်းဖြင့် နောင်ရှင်သန်ကြီးထွားလာသည့် အချိန်တွင် အပေါ်ယံမြေဆီလွှာ မိုးရေတိုက်စားခြင်းအား ကာကွယ်ပေးနိုင်သည့်အပြင် အင်းလေးကန်အတွင်းသို့ နုန်းမြေများပို့ချခြင်းကိုပါ ထိန်းသိမ်းဟန့်တားပေးရာရောက်မည်ဖြစ်ပါသည်။ ထပ်မံစိုက်ပျိုးမည့် ဧက (၁၀၀) မှာရေဝေရေလဲ စိုက်ခင်းမျိုးဖြစ်ပြီး မြသိန်းတန်ရွာအရှေ့ဘက်တွင်တည်ရှိပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် ငွေကြေးအကုန်ကျခံ၍ အင်းလေးကန်စိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီဌာန၏ နည်းပညာပံ့ပိုးမှုကိုရယူကာ ဒေသခံပြည်သူများအားပါဝင်ကူညီစေခြင်းဖြင့် အရိပ်ရနှစ်ရှည်ပင်များအောင်မြင်ဖြစ် ထွန်းအောင်ဆောင်ရွက် လျက်ရှိပါသည်။
အင်းလေးသစ်တော စိုက်ခင်းဧက(၁၀၀)
feel free to call us +91.33.26789234 youremail@yourdomain.com
-
သြစတေးလျှ မြန်မာအင်စတီကျု ၂၀၁၇
webmaster, , ဒေသန္တရဖွံ့ဖြိုးရေး, 0
ရန်ကုန်တက္ကသိုလ်၏ ရာမညဆောင်တွင် ကျင်းပလျှက်ရှိသော သြစတေးလျှမြန်မာ အင်စတီကျု၂၀၁၇ ဆွေးနွေး ပွဲ(Australia Myanmar Institute 2017 Conference)တွင် ထူးဖောင်ဒေးရှင်းမှလည်း တစ်ထောင့်တစ်နေရာမှ ပံ့ပိုး ကူညီပေးလျှက် ရှိပါသည်။ အဆိုပါဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၂၇)ရက်၊...
-
ထူးဖောင်ဒေးရှင်းမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်
HTOO Foundation Media, , ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” ဟောပြောပွဲကို (၃.၈.၂၀၁၃) ရက်နေ့ကလှော်ကားဥယျာဉ်၊ ရေပြာကန်အနီးတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးခြင်းအနေဖြင့် ပျိုးပင်ပေါင်း (၁၃၀၀) ကျော်ကိုထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များမှတပျော်တပါးစိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ထူးဖောင်ဒေးရှင်း၏ CEO ဦးပေါ်မြင့်ဦးကသစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ပြောကြားခဲ့ပြီးနောက် ထူးဖောင်ဒေးရှင်းမှ အကြံပေးဖြစ်သူ...
-
ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်၏ဆုချီးမြှင့်ပွဲအခမ်းအနား
HTOO Foundation Media, , ပညာရေး, ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို) ၏ဆုချီးမြှင့်ပွဲအခမ်းအနား။ ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင် (ပူတာအို) ၏ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို (၁၁.၇.၂၀၁၃) ရက်နေ့က ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက်ရှိ ထူးဖောင်ဒေးရှင်း ပညာဒါနဘော်ဒါဆောင် ဧည့်ခန်းမတွင်ကျင်းပခဲ့ပါသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့...
-
ဘိုကလေးမြို့နယ်ဆေးရုံသို့ Ultrasound နှင့် Diathermy စက်များလှူဒါန်းခြင်း
webmaster, , ကျန်းမာရေး, ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်းမှ ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် လိုအပ်လျက် ရှိသော Ultrasound စက် (၁)လုံးနှင့် Diathermy စက် (၁)လုံးတို့ကို ၁၈.၈.၂၀၁၃ ရက်နေ့က သွားရောက်လှူ ဒါန်း ပေးခဲ့ပါသည်။ လှူ ဒါန်းခြင်း အခမ်းအနားတွင်...
-
Donation For Digging Tube Well at Nay Pyi Taw
HTOO Foundation Media, , ဒေသန္တရဖွံ့ဖြိုးရေး, 0
(၃၁.၃.၂၀၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Michael Learns to Rock တေးဂီတပွဲအတွက် Bagan Entertainment မှစက်များ (sound system) ငှားရမ်းခြင်းမှရရှိသည့် ငွေကျပ်သိန်း (၈၀)အား ထူးဖောင်ဒေးရှင်းမှ တဆင့်နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းသောက်သုံးရေ...
-
စမတောင်တွင်ရေတွင်းလှူဒါန်းခြင်း
HTOO Foundation Media, , ဒေသန္တရဖွံ့ဖြိုးရေး, 0
၀၁၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မြန်မာ အာဆီယံ အမျိုးသမီးများချစ်ကြည်ရေးအသင်းမှ ကြီးမှူးကျင်းပသော အိုင်းရင်းခရောစ့် စင်တင်တေးဂီတပွဲတွင် ထူးဖောင်ဒေးရှင်းမှ နေပြည်တော်တိုင်းဒေသကြီး၊ စမတောင် ရေတွင်းတူးဖော်နှင့် ရေမော်တာတပ်ဆင်နိုင်ရန် အလှူငွေကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့ပါသည်။
-
ဆိပ္ဖူးတောင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သိန်း(၁၃၀၀)လှူဒါန်း
webmaster, , ပညာရေး, သတင်းများ, ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်းသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းတွင်ဖွင့်လှစ်ထားသည့် ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ငွေကျပ် သိန်း(၁၃၀၀) တန်ဖိုးရှိ အလှူငွေနှင့် စာရေးကိရိယာပစ္စည်းများကို ယနေ့ စက်တင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်း ခဲ့ကြပါသည်။ အဆိုပါ...



