တိရစ္ဆာန်ဥယျာဉ်သို့ပို့ဆောင်ပေးခြင်း

Want create site? Find Free WordPress Themes and plugins.

လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာ ပရဟိတဂေဟာမှကလေးငယ်များ ဒီဇင်ဘာကျောင်းပတ်ရက်အနေဖြင့် (၂၄.၁၂.၂၀၁၂) ရက်နေ့မှ (၂၆.၁၂.၂၀၁၂) ရက်နေ့အထိ ရန်ကုန်သို့ အလည်အပတ်လာရောက်ခဲ့ကြပါသည်။ ဂေဟာရှိကလေးများမှာ မိဘမဲ့ကလေးများဖြစ်ကြပြီးအချို့ကလေးများမှာ မိဘများမှ မစောင့်ရှောက် နိုင်တော့သဖြင့် စွန့်ပစ်ထားသည့် ကလေးများဖြစ်ကြပါသည်။ ကလေးများ အနေဖြင့်ရန်ကုန်မြို့သို့ရောက်ရှိလည်ပတ်ရေးမှာ အိပ်မက်တစ်ခုကဲ့သို့ဖြစ်နေပါသည်။(၂၄.၁၂.၁၂) ရက်နေ့တွင် ကလေး (၄၈)ဦးနှင့် စောင့်ရှောက်သူ(၃)ဦး စုစုပေါင်း(၅၁)ဦးတို့ အတွက်ထူးဖောင်ဒေးရှင်းမှ ရန်ကုန်တိရ စ္ဆာန်ဥယျာဉ်အတွင်း စိတ်အေးချမ်းသာစွာလည် ပတ်နိုင်စေရန်နှင့် အဆာပြေမုန့်များကိုလည်း စီစဉ်ပေးခဲ့ပါသည်။ ကလေးများသည် နေ့လည်(၁:၃၀) မှ (၄:၃၀) အထိ ထူးဖောင်ဒေးရှင်းမှဝန်ထမ်းများ၏ ကူညီစောင့်ရှောက်မှုနှင့်အတူ
တိရိစ္ဆာန် ဥယျာဉ်အတွင်း ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြပါသည်။

Did you find apk for android? You can find new Free Android Games and apps.

CONTACT US

We're not around right now. But you can send us an email and we'll get back to you, asap.

Sending

©2026 HTOO Foundation. All rights reserved.

or

Log in with your credentials

Forgot your details?