လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာ ပရဟိတဂေဟာမှကလေးငယ်များ ဒီဇင်ဘာကျောင်းပတ်ရက်အနေဖြင့် (၂၄.၁၂.၂၀၁၂) ရက်နေ့မှ (၂၆.၁၂.၂၀၁၂) ရက်နေ့အထိ ရန်ကုန်သို့ အလည်အပတ်လာရောက်ခဲ့ကြပါသည်။ ဂေဟာရှိကလေးများမှာ မိဘမဲ့ကလေးများဖြစ်ကြပြီးအချို့ကလေးများမှာ မိဘများမှ မစောင့်ရှောက် နိုင်တော့သဖြင့် စွန့်ပစ်ထားသည့် ကလေးများဖြစ်ကြပါသည်။ ကလေးများ အနေဖြင့်ရန်ကုန်မြို့သို့ရောက်ရှိလည်ပတ်ရေးမှာ အိပ်မက်တစ်ခုကဲ့သို့ဖြစ်နေပါသည်။(၂၄.၁၂.၁၂) ရက်နေ့တွင် ကလေး (၄၈)ဦးနှင့် စောင့်ရှောက်သူ(၃)ဦး စုစုပေါင်း(၅၁)ဦးတို့ အတွက်ထူးဖောင်ဒေးရှင်းမှ ရန်ကုန်တိရ စ္ဆာန်ဥယျာဉ်အတွင်း စိတ်အေးချမ်းသာစွာလည် ပတ်နိုင်စေရန်နှင့် အဆာပြေမုန့်များကိုလည်း စီစဉ်ပေးခဲ့ပါသည်။ ကလေးများသည် နေ့လည်(၁:၃၀) မှ (၄:၃၀) အထိ ထူးဖောင်ဒေးရှင်းမှဝန်ထမ်းများ၏ ကူညီစောင့်ရှောက်မှုနှင့်အတူ
တိရိစ္ဆာန် ဥယျာဉ်အတွင်း ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြပါသည်။
တိရစ္ဆာန်ဥယျာဉ်သို့ပို့ဆောင်ပေးခြင်း
ဆက်သွယ်ရန် +၉၅ ၁ ၆၅၅၂၇၂ info@htoofoundation.org
-
ဆိပ္ဖူးတောင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သိန်း(၁၃၀၀)လှူဒါန်း
webmaster, , ပညာရေး, သတင်းများ, ဒေသန္တရဖွံ့ဖြိုးရေး, 0
ထူးဖောင်ဒေးရှင်းသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းတွင်ဖွင့်လှစ်ထားသည့် ဆိပ္ဖူးတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ငွေကျပ် သိန်း(၁၃၀၀) တန်ဖိုးရှိ အလှူငွေနှင့် စာရေးကိရိယာပစ္စည်းများကို ယနေ့ စက်တင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်းက သွားရောက် လှူဒါန်း ခဲ့ကြပါသည်။ အဆိုပါ...
-
Miss Universe Myanmar 2013 သတင်းစာရှင်းလင်းပွဲ
webmaster, , ပံ့ပိုးကူညီမှုများ, သတင်းများ, 0
Miss Universe 2013 ပြိုင်ပွဲအား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် Miss Universe Myanmar ပြိုင်ပွဲကို Hello Madam မီဒီယာအုပ်စုမှကြီးမှူးကျင်းပပြီး...
-
ထူးဖောင်ဒေးရှင်း မီနီမာရသွန်ပြိုင်ပွဲ (ပူတာအို)
HTOO Foundation Media, , သတင်းများ, 0
ပူတာအိုခရိုင်အတွင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် (၉၂)ကြိမ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ထူးဖောင်ဒေးရှင်းမှကြီးမှူးကျင်းပသည့် မီနီမာရသွန်ပြိုင်ပွဲကို (၈.၁၂.၁၂၊ အမျိုးသားနေ့) တွင်ပူတာအိုမြို့ကျင်းပခဲ့ ပါသည်။ ပူတာအိုမြို့လေယာဉ်ကွင်းလမ်းဆုံမှနံနက်(၆) နာရီတွင် စတင်တာ ထွက်ခဲ့ပြီး မူလာရှီးဒီကျေးရွာသို့၊ ထို့မှပူတာအိုပြည်သူ့ အားကစား ကွင်းတွင်...