ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ ကထိန်အလှူတော

Want create site? Find Free WordPress Themes and plugins.

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့သည့် အတွက်ထူးဖောင်ဒေးရှင်းမှ ပြန်လည်တည်ဆောက်လှူဒါန်းပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို (၂၃.၁၁.၂၀၁၂) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ (၂၂.၁၁.၂၀၁၂) ရက်နေ့ညတွင် ကထိန်ကကြိုအဖြစ် ဆိုင်းဝိုင်းဖြင့် ညလုံးပေါက် ဖျော်ဖြေတင်ဆက်ခဲ့ပြီး (၂၃.၁၁.၂၀၁၂)ရက်နေ့ နံနက် (၅:၀၀)တွင် သံဃာတော် (၂၇)ပါးအား အာရုဏ်ဆွမ်းဆပ် ကပ်လှူဒါန်းခဲ့ ပြီးနောက် နံနက်(၈:၀၀) တွင်ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးကျေးရွာ၏ စုပေါင်းမဟာဘုံကထိန်စီတန်းလှည့်လည်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ ပါသည်။ နံနက် (၁၀:၃၀)တွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာသော ဧည့်သည်များနှင့် ရွာသူရွာသားများအား နေ့လည်စာဖြင့်ဧည့် ခံကျွေးမွေးခဲ့ ပါသည်။ ၄င်းနောက် မြို့ပေါ်နှင့် ကျေးရွာများရှိ သံဃာတော်အပါး (၃၀)အား  ညှပ်သင်္ကန်းအပါအ၀င် သင်္ကန်းပရိက္ခရာ အပြည့်အစုံပါဝင်သော ကထိန်လျာသင်္ကန်းနှင့် ၀တ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ရွှေမိုး၊ ငွေမိုးများရွာသွန်းပေးခဲ့ပြီး ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပွဲတော်ကို ထူးဖောင်ဒေးရှင်းနှင့် ကျေးရွာရွာသူရွာသားများပူးပေါင်း၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။

Did you find apk for android? You can find new Free Android Games and apps.

ဆက်သွယ်ရန်

သိရှိလိုသည်များ မေးမြန်းနိုင်ပါသည်။ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးပါမည်။ ကျေးဇူးတင်ပါသည်။

Sending

©2025 ထူးဖေါင်ဒေးရှင်း. မှတ်ပုံတင် ဆောင်ရွက်ပြီး.

or

Log in with your credentials

Forgot your details?