ပဲခူးတိုင်းအတွင်း ပဲခူး၊ ရွှေကျင်၊ မဒေါက်၊ တောင်ငူ၊ ညောင်လေးပင်၊ သနပ်ပင်စသည့်မြို့များတွင်မြစ်ရေ လျှံ၍ရေဘေး သင့်ပြည်သူများသည် နေအိမ်များကိုစွန့်ခွာကာ ကယ်ဆယ်ရေး စခန်းများ တွင်ပြောင်းရွေ့နေ ထိုင်ခဲ့ကြရပါသည်။
ကယ်ဆယ်ရေးစခန်း ၂၂ ခု၊ ရေဘေးသင့်ပြည်သူဦးရေ ၁၅၀၀၀ ကျော်ရှိပါသည်။ ထူးဖောင်ဒေးရှင်းမှပဲခူးတိုင်း အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် သိန်း(၁၀၀) ကို ၁၅.၈.၂၀၁၁ ရက်နေ့ တွင်သွားရောက်လှူဒါန်းခဲ့ပါသည်။