ထူးဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးမှုဘဏ်လီမိတက်၊ အဲပုဂံလေကြောင်းလိုင်း ၊Elite Tech Co., Ltd. နှင့် Htoo Group Of Companies တို့မှစုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း (၅၀၀)ကို (၁၁.၆.၂၀၁၂) ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ရုံးချုပ်သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ အလှူငွေကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုးက လက်ခံပေးခဲ့ပါသည်။.
ရခိုင်တိုင်းရင်းသားများသို့အလှူ
ဆက်သွယ်ရန် +၉၅ ၁ ၆၅၅၂၇၂ info@htoofoundation.org
-
ထူးဖောင်ဒေးရှင်းမှ ဖြူးဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်းည်။
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
၂၀၁၃ ခုနှစ် မတ်လ ၂၃ရက်နေ့က ပဲခူးတိုင်း ဒေသကြီး၊ ဖြူးဘိုးဘွားရိပ်သာသို့ ထူးဖောင်ဒေးရှင်းက ဘိုးဘွားရိပ်သာအတွက် တစ်သက်တာငွေပဒေသာပင် အဖြစ်ကျပ်သိန်း(၅၀၀)နှင့် ဘိုးဘွားများ တစ်နှစ်စာ ကျွေးမွေးစရိတ် (၄၆၈)သိန်း၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၉၆၈)သိန်းကို ဘိုးဘွားရိပ်သာ...
-
Miss Universe Myanmar 2013 သတင်းစာရှင်းလင်းပွဲ
webmaster, , ပံ့ပိုးကူညီမှုများ, သတင်းများ, 0
Miss Universe 2013 ပြိုင်ပွဲအား ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် Miss Universe Myanmar ပြိုင်ပွဲကို Hello Madam မီဒီယာအုပ်စုမှကြီးမှူးကျင်းပပြီး...
-
ထူးဖောင်ဒေးရှင်းနှင့် ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ ကထိန်အလှူတော
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့သည့် အတွက်ထူးဖောင်ဒေးရှင်းမှ ပြန်လည်တည်ဆောက်လှူဒါန်းပေးခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးစံပြကျေးရွာ၏ (၂၆)ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို (၂၃.၁၁.၂၀၁၂) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ (၂၂.၁၁.၂၀၁၂) ရက်နေ့ညတွင် ကထိန်ကကြိုအဖြစ် ဆိုင်းဝိုင်းဖြင့် ညလုံးပေါက်...
-
ဒုတိယအကြိမ် သီတဂူ-ထူးဖောင်ဒေးရှင်း ကုသိုလ်ဖြစ်မျက်စိကုသပေးခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့နှင့် ထူးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကုသိုလ်ဖြစ် မျက်စိကုသပေးခြင်းအစီအစဉ်ကို ကချင်ပြည်နယ် ပူတာအိုခရိုင် အတွင်း တွင် အောက်တိုဘာ ၁၅ ရက်နေ့မှ ၁၈ရက်နေ့ အထိခရိုင်ဆေးရုံ တွင် ပြုလုပ်ပေးခဲ့ ပါသည်။ ပူတာအိုခရိုင်အတွင်းရပ်ကွက်ကျေးရွာ(၂၅) ရွာရှိ မျက်စိဝေဒနာရှင်...
-
ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံမှ အဓိက ပံ့ပိုးကူညီသော အာရှ-ပစိဖိတ် သက်ကြီးရွယ်အိုများညီလာခံ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်း နှင့် အဲပုဂံတို့မှ အဓိကကူညီပံ့ပိုးပေးထားပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော အာရှ -ပစိဖိတ်သက်ကြီးရွယ်အိုများဆိုင်ရာ ညီလာခံကို ၂၀၁၂ခုနှစ်၊ မေလ(၈)ရက်နေ့ မှ(၁၁)ရက်နေ့အထိ ရန်ကုန်မြို့၊ ဆီးဒိုးနားဟိုတယ်တွင် လေးရက်ကြာ ကျင်းပခဲ့ပါသည်။ အဆိုပါညီလာခံသို့...
-
Air Supply Live In Myanmar
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းနှင့် Bagan Entertainment တို့ မှပူးပေါင်းကျင်းပသော Air Supply Live In Myanmar တေးဂီတဖျော်ဖြေပွဲအား ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့က မရမ်းကုန်းမြို့နယ် MCC ခန်းမ၌အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ Air Supply...
-
လေယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်ခဲ့သူများ၏မိသားစုများအားကူညီခြင်း
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
၂၀၁၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့က အဲပုဂံ လေယာဉ် မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည့် ဦးပြား၊ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် မောင်ဌေးအောင်နှင့် ဦးပြား၏ မိသားစုဝင်များအား ထူးဖောင်ဒေးရှင်းနှင့် အဲပုဂံတို့က ငွေကျပ် သိန်း(၂၀၀)နှင့်...
-
ထူးဖောင်ဒေးရှင်း၏ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်လိုအပ်ချက်အလှူ
HTOO Foundation Media, , ပံ့ပိုးကူညီမှုများ, 0
ထူးဖောင်ဒေးရှင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေးဆောင်ရွက်နေစဉ်အတွင်းနည်းလမ်းများစွာဖြင့် ငြိမ်းချမ်းရေးလိုလားသူများအတွက် ကူညီဆောင် ရွက်ပေးလေ့ရှိပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင်စစ်ဘေးတိမ်းရှောင်နေကြသော ဒုက္ခသည်များအတွက်စားနပ် ရိက္ခာပြည့်စုံနေစေရန် အတွက်ကိုလည်း ထူးဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီခဲ့ပါသည်။မြစ်ကြီးနားမြို့ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းအတွက် ဆန်အိတ် (၅၀)၊ ဂျမိုင်ကောင်း စစ်ဘေးရှောင်စခန်းအတွက်...